ဘွားရုသ၏ဇာတ်လမ်း
ဘွားရုသသည် သူ့အကြောင်း ပြောပြတိုင်း မျက်ရည်မကျဘဲမနေ၊ အသက် ၈၀ ကျော် အရွယ်၌ ဟိုနားဒီနားပင် မသွားနိုင်တော့သည့်ဘ၀၌ သူသည် အသင်းတော်၏ လှုပ်ရှားမှု များ၌ အခရာကျသည့် ပုံမပေါ်ပါ။ ကားကြုံလိုက်ရန် အခြားသူတို့အပေါ် အမှီပြုရသည်။ သူ တစ်ဦးတည်းနေထိုင်ခြင်းကြောင့် သူ၏လွှမ်းမိုးမှု တစ်စုံတစ်ရာကြီးကြီးမားမား မရှိပါ။
သို့သော် သူ့ဘ၀အကြောင်းကို သူပြောလေ့ရှိသည့် ပြောနေကျအတိုင်း ပြောပြရလျှင် ဘွားရုသသည် ဘုရားရှင်၏ ကျေးဇူးတော်ကို ထင်ရှားစွာ ဖော်ပြသည့် စံနမူနာဖြစ်သည်။ ယခင် အသက် ၃၀ အရွယ်ခန့်က သူ့ သူငယ်ချင်းတစ်ဦးက သူ့ကို အစီအစဉ်တစ်ခုသို့ ဖိတ်ခေါ်သဖြင့် သွားရောက် ခဲ့သည်။ တရားဟောဆရာတစ်ဦး၏ ဟောပြောချက်ကို သူကြားရ လိမ့်မည် ဟု ရုသ မထင်ခဲ့ပါ။ ‘‘သိရင်တောင် မသွားပါဘူး’’ ဟု သူဆိုသည်။ သူ၌ရှိသည့် ‘‘ဘာသာတရားအသိ’’များက သူ့အတွက်…
အခန်းအမှတ် ၅၀၂၀
အသက် ၅၂ နှစ်အရွယ် ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ အထက်တန်းပြဆရာ၊ အားကစား နည်းပြကောင်း ဖြစ်သူ ဂျေးဘတ်တန်သည် ကင်ဆာရောဂါကြောင့် သူ၏ နောက်ဆုံး အချိန်သို့ ရောက်နေသော်လည်း သူဆေးကုသမှုခံယူသည့်အခန်းကို မီးပြတိုက်အဖြစ် ပြောင်းလဲစေခဲ့သည်။ သူ့အခန်းအမှတ် ၅၀၂၀ သည် မိတ်ဆွေများ၊ မိသားစုများနှင့် ဆေးရုံ ၀န်ထမ်းများအတွက် မျှော်လင့်ခြင်းမီးပြတိုက် ဖြစ်ခဲ့သည်။
သူ၏၀မ်းမြောက်သော စိတ်ထားနှင့် ခိုင်မာသောယုံကြည် ခြင်းကြောင့် သူနာပြုများက သူ့ကို ပြုစုရန် တာဝန်ကျလျှင် လိုလိုလားလားရှိကြသည်။ အချို့သူနာပြုများဆိုလျှင် အလုပ် တာဝန်ပြီးလျှင် ဂျေးကို လာရောက် ကြည့်ရှုသည်။
တစ်ချိန်က ဂျေး ၏အားကစားသမား ခန္ဓာကိုယ်က တဖြည်းဖြည်း ပိန်ကျသွားသည်။ သို့သော် သူက မည်သူ့ကိုမဆို လူတိုင်းကို အပြုံးနှင့်နှုတ်ဆက်သည်။ အားပေးသည်။ ‘‘သူ့ကို ကျွန်တော်သွားကြည့်တိုင်းက သူက တက်ကြွရွှင်လန်းလို့၊ မျှော်လင့်ချက်လည်း အပြည့်ပဲ။…
အတွင်းရော အပြင်ပါ အသစ်ဖြစ်စေခြင်း
လွန်ခဲ့သောနှစ်အနည်းငယ်က စာပုံနှိပ်ထုတ်ဝေသူတစ်ဦးသည် အမှားတစ်ခုကို လုပ်ခဲ့မိ သည်။ စာအုပ်တစ်အုပ်သည် ဈေးကွက်၌ နှစ်ပေါင်းကြာမြင့်စွာ ရှိသောကြောင့် အသစ် ပြန်လည်ထုတ်ဝေရန်စီစဉ်လျက် စာရေးသူကလည်း ထိုစာအုပ်ကို ပြန်လည်ဖြည့်စွက် မွမ်းမံရေးသားခဲ့သည်။ ထိုစာအုပ်ရိုက်နှိပ်ပြီးသော် ပြဿနာတက်လေတော့သည်။ စာအုပ်ထုတ်ဝေသူသည် စာအုပ်မျက်နှာဖုံးကို အသစ်၊ အကောင်းဆုံးပြုလုပ်ခဲ့သော်လည်း အတွင်းစာသားများကို စာအုပ်အဟောင်းအတိုင်းသာ ပြန်ရိုက်မိသည်။
အပြင်မျက်နှာဖုံးသာ အသစ်ဖြစ်ပြီး အတွင်းစာသားမှာခေတ်မမီတော့သည့် အဟောင်းအတိုင်းသာ ရှိနေခဲ့သည်။
ထို့ကြောင့် အသစ်ပြန်ထုတ်ခြင်းကို အသစ်ဟုမဆိုနိုင်ပါ။
လူသားတို့တွင်လည်း ထိုနည်းအတိုင်း တစ်ခါတစ်ရံ ကြုံတွေ့ရတတ်သည်။ ဘ၀ကို အသစ်တစ်ဖန် ပြန်လည် ပြောင်းလဲတည်ဆောက်ချင်သော်လည်း ဦးတည်ရာက မှားနေသည်။ ထို့ကြောင့် အတွင်းစိတ်နှလုံး မပြောင်းလဲဘဲ အပြင်ပန်းကိုသာ ပြောင်းလဲတတ်ကြသည်။ အပြင်ပန်း အပြုအမူများကို ပြောင်းလဲသော်လည်း အတွင်းမှနေ၍ ကျွန်ုပ်တို့ကို ပြောင်းလဲပေး နိုင်သူမှာ ဘုရားသခင်သာ ဖြစ်ကြောင်းကို သဘောမပေါက်ကြပေ။
ယောဟန် အခန်းကြီး ၃…
အခြားသူများကို ဦးစားပေးခြင်း
ကျွန်တော့်သူငယ်ချင်း ဂျာမီသည် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးတစ်ခုတွင် အလုပ်လုပ်သည်။ အလုပ်ဝင်ခါစက လူတစ်ဦးသည် သူ့အနီးသို့ရောက်လာပြီး စကားစမြည်ပြောဆိုကာ ဤနေရာတွင် ဘာလုပ်ပါသနည်းဟု မေးမြန်းခဲ့သည်။ ဂျာမီ က သူ့အလုပ်အကြောင်းကို ပြောပြပြီး ထိုသူ၏နာမည်ကိုလည်း ပြန်လည် မေးမြန်းခဲ့သည်။ ‘‘ကျွန်တော့်နာမည်က ရစ်ခ်ျ ပါ’’ ဟု သူကဖြေသည်။
‘‘တွေ့ရတာ ၀မ်းသာပါတယ်။ ဒီနေရာမှာ သင် ဘာ အလုပ် လုပ်ပါသလဲ’’ ဟု ထပ်မေးရာ၊ ‘‘အိုး ကျွန်တော်က ကုမ္ပဏီပိုင်ရှင်ပါ’’ ဟု သူက ပြန်ပြောသည်။
မထင်မှတ်သော နှိမ့်ချသော သာမန်စကားဝိုင်းလေး သည် ကမ္ဘာ့အချမ်းသာဆုံး သူဌေးနှင့် သူ၏မိတ်ဆက်ခြင်း ဖြစ်ကြောင်း ဂျာမီ ချက်ချင်း သဘောပေါက်လိုက်သည်။
မိမိကိုယ်ကို ချီးမြှောက်ဦးစားပေးသော ယနေ့ခေတ် အချိန်အခါတွင် ဤအဖြစ်အပျက်ငယ်လေးက ဖိလိပ္ပိ သြ၀ါဒစာ (၂း၃) မှ ရှင်ပေါလုမိန့်ကြားသည့်…
လူသစ်တစ်ဦး
ဆယ်ကျော်သက်လူငယ်တစ်စုသည် ဂျမေးကားနိုင်ငံ မွန်တေဂူပင်လယ်အော်ရှိ ဘိုးဘွား ရိပ်သာသို့ သွားရောက်ခဲ့ကြရာ၊ အခန်းထောင့်ဆုံးနေရာတွင် အထီးကျန်ပုံပေါ်နေသည့် လူတစ်ယောက်ကို အမျိုးသမီးငယ်တစ်ဦးက သတိပြုမိသည်။ မသန်မစွမ်းသူဖြစ်၍ သူ့ပုံစံက ကမ္ဘာကြီး၌ သူ့အိပ်ယာ ခုတင်လေးမှ လွဲ၍ နေစရာမရှိသည့် ပုံပေါ်နေသည်။
ဆယ်ကျော်သက် မိန်းကလေးက ချက်ခြင်းဆိုသလို ဘုရားသခင်၏ မေတ္တာတော်အကြောင်းကို ဝေငှပြောပြပြီး ကျမ်းစာမှ ကျမ်းပိုဒ်အချို့ကို ဖတ်ပြသည်။ ‘‘သူနဲ့ဝေငှ စကား ပြောရင်းနဲ့မှ သူ့မှာ ပိုပြီး သိချင်တဲ့စိတ် ဖြစ်ပေါ်နေတယ်ဆိုတာ ကျွန်မခံစားမိတယ်။ ဒါနဲ့ဘဲ သူစိတ်ဝင်စားတဲ့အတိုင်း သခင်ယေရှု၏ စွန့်လွှတ်အသေခံခြင်းအကြောင်းကို ထပ်ပြီးရှင်းပြခဲ့တယ်။ ‘‘မိသားစုဝင်တွေလည်းမရှိ၊ မျှော်လင့်ချက် လည်း မရှိတဲ့ ဒီလူအတွက် သူတစ်ခါမှ မသိတဲ့သူတစ်ဦးက သူ့ကို ချစ်ပြီး သူ့အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပေးတယ်ဆိုတာကို နားလည်ဖို့က မလွယ်တဲ့ ကိစ္စပဲ’’ ဟု သူက ပြန်ပြောင်း ပြောပြခဲ့သည်။…
ကျွန်မ အရမ်းကြောက်တယ်
ဆေးစစ်ချက်အဖြေကို စောင့်စားနေသူ ဆယ်ကျော်သက်လေးက ဖေ့စ်ဘွတ်မှ သူ့သူငယ်ချင်းများထံ “ကျွန်မ အရမ်းကြောက်တယ်” ဟူသည့် စာကြောင်းလေးကို ဝေမျှရင်း ရင်ဖွင့်သည်။ သူသည် အိမ်မှ ၃ နာရီ ခရီးအကွာအဝေးရှိ မြို့၌ ဆေးရုံတက် နေရပြီး သူခံစားနေရသည့် ဝေဒနာနှင့် စပ်လျဉ်းပြီး အဖြေရှာရန် စစ်ဆေးခံလျက် သောက ပူပန်မှုများနှင့် ဆရာဝန်၏ အဖြေကို စောင့်နေရသည်။
ဘဝတွင် မကြုံတွေ့လိုသော အဖြစ်အပျက်များကို ကျွန်ုပ်တို့ ရင်ဆိုင်ရသောအခါ ဤကဲ့သို့ ကြောက်စိတ်များ ခံစားရသည်မဟုတ်ပါလား။ သို့ဆိုလျှင် မည်သည့်နေရာတွင် အကူအညီတောင်းခံမည်နည်း။ ဤကဲ့သို့သော အခြေအနေ မျိုးတွင် ကျွန်ုပ်တို့ကို ခွန်အားပေးရန် မည်သည့် ကျမ်းချက်က ကျွန်ုပ်တို့ကို နှစ်သိမ့်သက်သာစေမည်နည်း။
ကျွန်ုပ်တို့ ခံစားနေရသည့် စုံစမ်းခြင်းများတွင် ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင် အမှန်တကယ်ရှိနေကြောင်း အသိက ကျွန်ုပ်တို့အတွက် မျှော်လင့်ခြင်းကို ဖြစ်စေသည်။ ဟေရှာယ…
အစေခံရန် အသင့်
ကျွန်ုပ်တို့၏အသင်းတော်မှ ခေါင်းဆောင်သစ်အဖွဲ့ကို တာဝန်စေခိုင်းရန် အချိန် ကျရောက်ပါပြီ။ အစေခံခေါင်းဆောင်များ၏ အခန်းကဏ္ဍ ပေါ်လွင်စေရန် အသင်းတော် လူကြီးများ သည် ခြေဆေးခြင်းမင်္ဂလာတွင် ပါဝင်ကြသည်။ သင်းအုပ်ဆရာ အပါအ၀င် ခေါင်းဆောင် များသည် အသင်းသားများ၏ ရှေ့မှောက်တွင် အချင်းချင်း တစ်ဦးကိုတစ်ဦး ခြေဆေးပေး ကြသည်။
၎င်းသည် ယော ၁၃ တွင် မှတ်တမ်းတင် ထားသကဲ့သို့ ကျွန်ုပ်တို့ စံနမူနာ ယူနိုင်စေရန် သခင်ယေရှု ကိုယ်တော်တိုင် ပြုခဲ့ သည့် ခြေဆေးခြင်းမင်္ဂလာဖြစ်သည်။ နောက်ဆုံးညစာကို သုံးဆောင်ကြစဉ် သခင်ယေရှုသည် “စားပွဲမှထ၍ ရေကို အင်တုံ၌ လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှ ခါး၌ စည်းသောပုဝါနှင့် သုတ်တော်မူ၏” (ယော ၁၃း၎-၅)။
ထို့နောက် သခင်ယေရှုက သူ၏တပည့်တော်များအား “ကျွန်သည် သခင်ထက်သာ၍ မကြီးမြတ်၊ တမန်တော်သည် စေလွှတ်သောသူထက်…
သဏ္ဌာန်တူခြင်း
‘‘ကျွန်ုပ်တို့၌ တူညီသောအရာရှိကြသည်။’’ ပုံသဏ္ဌာန်ဆင်သည်၊ ရုပ်ချင်းဆင်တူသည်ဟု အချို့က ဆိုသည်။ သွေးသားမတော်စပ်သော်လည်း မိမိနှင့် အလွန်မှ ရုပ်ချင်းဆင်သူများ ရှိကြသည်။
ကျွန်ုပ်ကမူ အနုပညာနယ်ပယ်မှ ဂီတကြယ်ပွင့် ဂျိမ်းစ်တေလာ နှင့် တူသည်။ သူ၏ဂီတပွဲကိုသွားကြည့်တိုင်း ခေတ္တအားလပ်ချိန်တွင် ပရိသတ်က ကျွန်ုပ်ကို နှစ်ခါပြန် လှည့်လှည့်ကြည့်ကြသည်။ အလိုလေး၊ သီချင်းဆိုချိန်နှင့် ဂီတာတီးခတ်ချိန်တွင်မူ ကျွန်ုပ်သည် ဂျိမ်းစ်တေလာ မဟုတ်ပါ။ ကျွန်ုပ်တို့နှစ်ဦးသည် မတော်တဆ ရုပ်ချင်းဆင်တူခြင်းသာ ဖြစ်သည်။
သင် မည်သူနှင့်တူသနည်း။ ထိုမေးခွန်းကို ချင့်ချိန် တွေးဆရာ၌ ၂ ကော ၃း၁၈ ၌ ရှင်ပေါလုက ကျွန်ုပ်တို့အား
မိန့်ကြားသည့် ‘‘ငါတို့သည် ဘုန်းအသရေတိုးပွား၍ (ဘုရားသခင်၏) ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရ
ကြ၏’’ ဟူသည့်အချက်ကို ထင်ဟပ်ဆင်ခြင်ပါ။ ကျွန်ုပ်တို့၏ အသက်တာတွင် ခရစ်တော်၏ဘုန်းဂုဏ်တော်ကို ချီးမြှောက်ရန် ရှာကြံရာ၌ ကျွန်ုပ်တို့၏ ရည်မှန်းချက်တစ်ခုမှာ…
ဒေါ်ဗွိုင်းလက်နှင့်အတူ သီဆိုချီးမွမ်းခြင်း
ဒေါ်ဗွိုင်းလက် အမည်ရှိသော အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်သည် ဂျမေးကား ဆေးရုံကြီးရှိ ခုတင်ပေါ်ထိုင်ရင်း သူ့ထံလာရောက် လည်ပတ်သည့် ဆယ်ကျော်သက်ကလေးများကို ပြုံးပြနေသည်။ နေ့လည်ခင်းလေပူကြောင့် ပူအိုက်ချွေးစို့သော်လည်း သူ မညည်းညူပါ။ ထိုအစား ချီးမွမ်းရန် သီချင်းကို ခေါင်းခဲအောင် သူစဉ်းစားနေသည်။ ထို့နောက် ၀မ်းပန်းတသာ ပြုံးကာ ‘‘ကျွန်ုပ် ပြေးနိုင်၊ ကျော်လွှားနိုင်၊ ကခုန်နိုင်၊ ဘုရားရှင်ကို ချီးမွမ်းထောပနာ ပြုနိုင်တယ်’’ ဟူ၍ ဆိုပြပါသည်။ သီချင်း ဆိုနေရင်းဖြင့် သူ၏လက်နှစ်ဖက်အား ပြေးနေသည့်အလား ရှေ့နောက်လွှဲ သည်။ ဘေးဝန်းကျင်မှ လူများမျက်ရည် မဆည်နိုင် ဖြစ်ရ သည်။ အကြောင်းမှာ သူ့တွင် ခြေထောက်မရှိသောကြောင့် ဖြစ်သည်။ သူသီဆိုချီးမွမ်းနိုင်ခြင်းမှာ ‘‘ကျွန်မကို သခင်ယေရှု ချစ်လို့၊ နောက်ပြီး ကောင်းကင်နိုင်ငံမှာဆို ပြေးဖို့ ခြေနှစ်ဖက်လည်း ရှိမှာ ဖြစ်လို့ပေါ့’’ ဟု သူပြောပြသည်။
ဖိလိပ္ပိသြ၀ါဒစာ…
ဘာသာစကားကို သင်ယူခြင်း
ဂျမေးကား အသင်းတော်တစ်ပါး၌ ၀တ်ပြုခြင်းမစတင်မီ ကျွန်တော်က မတ်တပ်ရပ်ကာ ‘‘Wah Gwan, Jamaica?’’ ဟူ၍ ကျွန်တော် အကောင်းဆုံးပြောတတ်သည့် ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုစကားဖြင့် ပြောလိုက်သည်။ ပရိသတ်က အပြုံးများဝေကာ လက်ခုပ်တီးပြီး သြဘာပေးကြသည့်အတွက် တုံ့ပြန်မှုက ကျွန်တော်ထင်ထားသည်ထက် ပိုကောင်းသည်။ စင်စစ် ကျွန်တော်ပြောလိုက်သည့် ပါတ၀ါ စကားမှာ ‘‘အခြေအနေဘယ်လိုလဲ’’ ဟု အဓိပ္ပာယ်ရသည့် ပုံမှန်နှုတ်ဆက်စကားသာ ဖြစ်သည်။ သို့သော် သူတို့ နား၌ ကြားလိုက်သည်က ‘‘ခင်ဗျားတို့ရဲ့ဘာသာစကားကို အတော်အသင့် ပြောတတ်တယ်’’ ဟူ၍ဖြစ်သည်။ ဆက်ပြောစရာ ပါတ၀ါ စကားမရှိ၊ ဘာဆက်ပြောရမည်ကို မသိသော်လည်း အခွင့်အလမ်းကတော့ ပွင့်သွားသည်။
တမန်တော်ကြီး ရှင်ပေါလုက အေသင်မြို့သားများ ရှေ့မှောက်၌ ရပ်နေချိန်တွင် သူတို့၏ဓလေ့ ယဉ်ကျေးမှုကို သူသိရှိကြောင်း ထိုသူတို့ကို သိစေ၏။ သူတို့၏ ယဇ်ပလ္လင်များထဲမှ ‘‘ငါတို့မသိသော ဘုရားသခင်အဖို့’’ ဟူသည့်…